Blogger Widgets

Friday, October 30, 2015

KNDO စစ် ဦး စီး နါ ဒါး မြ နှင့် တွေ့ ဆုံ ခြင်း


2015.10. 30 KPTV Live Today. 9.39 Am From KNDO information သုက်ခေါဟ်..စောနယ်ဒါး . Par 4
Posted by Kptv on Friday, October 30, 2015

Sunday, September 13, 2015

ရာ ဇ ၀င် ရိုင်း သည်



ပတ် ၀န်း ကျင် ထိန်း သိမ်း ရေး သ မား တွေ က ကျွန် တော် တို့ က ရင် တွေ ကို ထ မင်း မ စား ရ အောင် အ နှောက် အ ယှက် လုပ် နေ သ လား လို့ တောင် ကျွန် တော် တို့ ခံ ယူ တဲ့ အ ပိုင်း တွေ ရှိ တယ်။
  K N U ခေါင်း ဆောင် တစ် ဦး အ နေ နဲ့ ဒီ စ ကား ပြော တာ ဟာ က ရင် လူ မျိုး နဲ့ K N U ကို စော် ကား တ နဲ့ အ တူ တူ ပါ ပဲ။ K N U မှာ ပတ် ၀န်း ကျင် ထိန်း သိမ်း ရေး နဲ့ ပတ် သက် ပြီး ဥ ပ ဒေ တွေ ရှိ ထား ပါ တယ်။ ဥ ပ မာ ရှား ပါး တိ ရိ ဆန် တွေ ကို သတ် ရင် ကြီး လေး တဲ့ အ ပြစ် ဒဏ်၊ သစ် ခုတ် တာ နဲ့ ပတ် သက် ပြီး ဥ ပ ဒေ တွေ ရှိ ပါ တယ်။ ကျွန် တော် မှတ် မှတ် ရ ရ ရှိ တဲ့ ဥ ပ ဒေ တစ် ခု က တော့ အင် ပင် ခုတ် ရင် ကြီး လေး တဲ့ အ ပြစ် ဒဏ် ပေး ပါ တယ်။ အဲ ဒါ ကို ကျွန် တော် နား မ လည် ပါ ဘူး။ ဘာ ကြောင့် လဲ ပေါ့။ ဟို လူ မေး ဒီ လူ မေး တော့ အ များ ဖြေ တာ က အင် ဖက် ကို အိမ် အ မိုး လုပ် လို့ ရ လို့ တဲ့ ဒီ အ ဖြေ ကို ကျွန် တော် မ ကျေ နပ် နိုင် တာ နဲ့ သစ် တော က သူ ငယ် ချင်း တစ် ယောက် ကို မေး တော့ သူ က ရျင်း ပြ တယ် အင် ပင် ဆို တာ ပျိုး ယူ လို့ မ ရ စိုက် ယူ လို့ မ ရ ကိုင်း ကူး လို့ မ ရ သူ ဟာ သူ သ ဘာ ၀ အ ရ ပွား တာ တဲ့၊ တ ကယ် လို အင် တော ဆို တာ မ ရှိ တော့ ရင် အင် ပင် ဆို တာ ဘယ် လို မှ ပြန် စိုက် ယူ လုပ် ယူ လို့ မ ရ ဘူး တဲ့။ ကျွန် တော် တို့ ဘိုး ဘွား တွေ လက် ထက် က တည်း က ပတ် ၀န် ကျင် ကို ဥ ပ ဒေ နဲ့ ထိန်း သိမ်း ခဲ့ တာ ပါ။ ဒါ ကို အ ခု ခေါင်း ဆောင် ကြီး က မ သိ ဘူး လား၊ ထ မင်း မ စား ရ တော့ ဘူး ဆို တာ က တော့ ဘယ် သူ သူ ခေါင်း ထဲ ကို ရုက် သွင်း ပေး လုက် လဲ မ သိ ဘူး။ ထ မင်း စား ရ လောက် အောင် ဆို ရင် သ ဘာ ၀ ပတ် ၀န်း ကျင် ဘယ် တော့  မှ မ  ပျက် စီး ဘူး။ သ ဌေး ဖြစ် ဆို ရင် တော့ ပျက် မှာ ပေါ့။ ကိုယ် သူ ဌေး ဖြစ် ဖို့ ကိုယ့် လူ မျိုး ကိုယ့် မြေ ကိုယ့် ရေ ကို စ တေး တော့ မှာ လား ခေါင်း ဆောင် ကြီး ရယ်။

Thursday, September 3, 2015

အိတ် ဖွင့် ပေး စာ

ကျွန် တော် တို့ လို ချင် တဲ့ ငြိမ်း ချမ်း ရေး ခိုင် မာ စစ် မှန် တဲ့ ငြိမ်း ချမ်း ရေး ပါ။ အ ပြ လက် မှတ် ထိုး ငြိမ်း ချမ်း ရေး မ ဟုတ် ပါ။ ဒီ ငြိမ်း ချမ်း ရေး ရ ဖို့ ကို တ ဆင့် ပြီး တ ဆင့် ခိုင် မာ မာ သေ ခြာ အောင် လုပ် ပြီး တက် လှန်း ဖို့ လို ပါ တယ်။ ဒီ လို လုပ် မယ် ဆို ရင် ဘယ် အ စိုး ရ တက် တက် ဒီ ငြိမ်း ချမ်း ရေး ဟာ ပျက် ပြား မှာ မ ဟုတ် ပါ ဘူး။ ဒီ လူ ဒီ အ စိုး ရ နဲ့ မှ ငြိမ်း ချမ်း ရေး ရ နိုင် မယ် မြန် မြန် လက် မှတ် ထိုး ရ မယ် ဆို တာ ဟာ ဘယ် လို မှ လက် ခံ နိုင် စ ရာ အ ကြောင်း မ ရှိ ပါ ဘူး။ ဒီ အ စိုး ရ လုပ် ခဲ့ တာ ကို နောက် အ စိုး ရ က ဆက် မ ခံ ဘူး ဆို ရင် နောက် တက် တဲ့ အ စိုး ရ တာ ဘယ် လို အ စိုး ရ မျိုး ဖြစ် မှာ လဲ။ လက် ရှိ အ စိုး ရ ဟာ အ ရင် အ စိုး ရ လုပ် ခဲ့ တာ ကို တာ ၀န် ခံ ရ မယ် ဆို တာ နိုင် ငံ တ ကာ စံ ပါ။ သိန်း စိန် အ စိုး ရ နဲ့ နှိုင်း စ ရာ အ ကြောင်း မ ရှိ ပါ။ သိန်း စိန် အ စိုး ရ ဟာ တာ ၀န် မ ခံ တဲ့၊ တာ ၀န် မ ယူ တဲ့၊ ပွင့် လင်း မြင် သာ မှု မ ရှိ တဲ့ ဟန် ပြ ဒီ မို က ရေ စီ အ စိုး ရ ပါ။ ဒီ အ စိုး ရ သက် တမ်း မ ကုန် ခင် က မန်း က တန်း ထိုး တဲ့ လက် မှတ် ဟာ လဲ နောက် တက် တဲ့ အ စိုး ရ ဟာ သိန်း စိန် အ စိုး ရ လို ပဲ တာ ၀န် မ ခံ တတ် တဲ့ အ စိုး ရ ဆို ရင် တော့ ဒီ လက် မှတ် ထိုး ထား တဲ့ စာ ချုပ် ဟာ လဲ အ ဓိ ပါယ် မဲ့ နေ မှာ ပဲ။
အ ဖိုး မူ တူး က ပြော တယ် သွေး မ ထွက် တဲ့ စစ် ပွဲ တိုက် မယ် ဆို ပေ မဲ့ ဒီ တိုက် ပွဲ အ တွက် ပြင် ဆင် မှု တွေ ဆန်း စစ် မှု တွေ လုပ် ထား ရဲ့ လား လို့ မေး ချင် ပါ တယ်။ တိုက် ပွဲ က ကော စ နေ ပြီ လား၊ ဘယ် တော့ စ မှာ လဲ ဆို တာ ကို သ တိ ပြု မိ ပါ ရဲ့ လား။ ၂၀၁၂ အ ပြစ် ရပ် တဲ့ အ ချိန် က နေ အ ခု လက် ရှိ အ ထိ တိုက် နေ တဲ့ သွေး မ ထွက် စစ် မှာ ကျွန် တော် တို့ နိုင် ပါ သ လား ရှုံး နေ ပါ သ လား ဆန်း စစ် ကြည့် မိ ပါ ရဲ့ လား လို့ မေး ချင် ပါ တယ်။ ကျွန် တော် က တော့ အ ခု လက် ရှိ အ ထိ အ ရှုံး များ နေ တယ် လို ယူ ဆ ပါ တယ်။ နယ် မြေ စိုး မိုး မှု ၊ အ ချုပ် အ ခြာ တွေ အ ပြန် ခေါင်း ဆောင် တွေ အ ကျ အ ဆုံး ရှိ နေ ပါ တယ် လို့ မြင် ပါ တယ်။ အ ထူး သ ဖြင့် တ ချို့ သော ခေါင်း ဆောင် တွေ ဟာ လူ မျိုး စု ခေါင်း ဆောင် က နေ ခ ရို နီ ပေါက် စ အ ဖြစ် ကျ ဆုံး နေ တာ ကို တွေ့ ရ ပါ တယ်။ သွေး ထွက် တဲ့ စစ် (လက် ရုံး ရည် စစ်) ပွဲ ကို ဆင် နွဲ မယ် ဆို ရင် လက် ရုံး ရည် ပြည့် ၀ တဲ့ ခေါင်း ဆောင် တွေ လို အပ် သ လို၊ သွေး မ ထွက် တဲ့ စစ် ( နှ လုံး ရည် တိုက် ပွဲ) ကို ဆင် နွဲ မယ် ဆို ရင် နှ လုံး ရည် ပြည့် ၀ တဲ့ ခေါင်း ဆောင် ကို လို အပ် ပါ တယ်။ သွေး မ ထွက် တဲ့ စစ် ကို နှ လုံး ရည် မ ရှိ တဲ့ ခေါင်း ဆောင် တွေ နဲ့ တိုက် မယ် ဆို ရင် တော့ ရှုံး မှာ အ သေ ခြာ ပါ။ ရှုံး လဲ ရှုံး နေ ပါ တယ် ဒီ အ ရှုံး ကို မ မြင် တတ် လောက် အောင် အ မြင် ကို ဘာ တွေ က ဖုံး ထား ပါ သ လဲ။
ကျွန် တော် တို့ ဟာ သ မိုင်း မှာ အ ကြိမ် ပေါင်း မြောက် မြား စွာ အ လိမ် ခံ ခဲ့ ပြီး ပါ ပြီ။ ဦး သိန်း စိန် အ စိုး ရ ၊ ဦး အောင် မင်း နဲ့ အ ပေါင်း ပါ ငြိမ်း ချမ်း ရေး ပွဲ စား တွေ နဲ့ ဦး ရွှေ မန်း ရဲ့ လွှတ် တော် ကို ဘာ အား ကိုး နဲ့ မျက် စိ မှိတ် ပြီး ယုံ နေ ပါ သ လဲ။ လော လော လတ် လတ် ပဲ ကျောင်း သား ၊ NNER နဲ့ ဦး အောင် မင်း တို့ အ ဖွဲ့ ရယ် လွှတ် တော် ကိုယ် စား လှယ် တွေ ဆွေး နွေး သ ဘော တူ လက် မှတ် ထိုး ထား တာ တွေ လွှတ် တော် ရောက် တော့ ဘယ် နှစ် ခု အ တည် ပြု ခံ ရ ပါ သ လဲ။ ကျောင်း သား တွေ အ လိမ် ခံ ပြီး အ ဖမ်း ခံ ရ တာ အ ခု ထိ အ မှု ရင် ဆိုင် မ ပြီး သေး ပါ ဘူး။ ၂၀၀၈ အ ခြေ ခံ ဥ ပ ဒေ ပြင် ဆင် ရေး လဲ လွှတ် တော် မှာ ဘာ ဖြစ် သွား သ လဲ ဆို တာ တိုင်း သိ ပြည် သိ ပါ။ N C A ထိုး နိုင် ငံ ရေး ဆွေး နွေး လွှတ် တော် တင် ပြီး အ တည် ပြု မယ် ဆို တာ ဘာ ဖြစ် လာ နိုင် မယ် ထင် ပါ သ လဲ။ အ ရေး ကြီး ဆုံး က တော ကာ ချုပ် ဦး မင်း အောင် လှိုင် ရဲ့ အ ခု တ မျိုး အ ခု တ မျိုး စ ကား ပြော တာ တောင် ယုံ တယ် ဆို တော့ လဲ မ ပြော တတ် တော့ ပါ။ ဒီ လို ပြော လို့ အ ပျက် သ ဘော ပြော တာ မ ဟုတ် ပါ။ တ ဆင့် ခြင်း ကို ခိုင် မာ အောင် လုပ် ပြီး သွား ဖို့ ပါ။ ဥ ပ မာ အ နည်း ဆုံး မြန် မာ စစ် တပ် က နေ ပြီး တော့ အ ပြစ် အ ခတ် ရပ် စဲ ရေး ကြေ ငြာ ပြီး တိုင်း ရင်း သား တွေ ကို ထိုး စစ် မ ဆင် တာ ၊  အင် အား မ တိုး ချဲ့ တာ တို့ ပါ။ အဲ ဒီ လို မျိုး သာ လုပ် ပြီး ထိုး မယ် ဆို ရင် တ တိုင်း တ ပြည် လုံး တ ခဲ နဲ့ အား ပေး ထောက် ခံ ကြ မှာ ပါ။ မြန် မာ ပြည် သား အား လုံး ငြိမ်း ချမ်း ရေး ကို ဆာ  ငတ် နေ ကြ ပါ တယ်။

Monday, June 29, 2015

KIC News

သတ္တုအစမ်းတူးဖော်ခွင့်ကိစ္စ ကျောက်ကြီးမြို့နယ် ဒေသခံများက အမြန်ဖြေရှင်းပေးစေလို

Ydn SaiKaungMyatKyaw mining area 6

ဇွန် ၂၉ရက်၊ ၂၀၁၅ခုနှစ်။ နန်းဝေဖြိုးဇာ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်၊ စလဲကျေးရွာအုပ်စုအတွင်း၌ ကရင်အမျိုးသားအစည်းအရုံး(ကေ အဲန်ယူ)နှင့် မြန်မာအစိုးရတို့မှ ကုမ္ပဏီအား အဖြိုက်နက်သတ္တုအစမ်း ဝင်ရောက်တူးဖော်ခွင့်ပေးရာတွင် မြေယာသိမ်းဆည်းမှုများ ရှိသည့်အတွက် ဒေသခံများက အမြန်ဆုံး ဖြေရှင်းပေးလိုကြသည်ဟု သိရသည်။
အဆိုပါ အဖြိုက်နက်သတ္တုအစမ်းတူးဖော်မှုကို ကျောက်ကြီးမြို့နယ်ရှိ ကေအဲန်ယူနှင့် အစိုးရတို့က ယခင်နှစ်က ခွင့်ပြုခဲ့ပြီးနောက် ပြီးခဲ့သည့်တစ်လကျော်မှစ၍ ရတနာစိုင်းကောင်းမြတ်ကျော်ကုမ္ပဏီနှင့် စိုးနိုင်ဖြိုးကုမ္ပဏီတို့ ဝင်ရောက်လုပ်ကိုင်ရာ ဒေသခံများ၏ မြေဧက ၇၃,၁၂၄ကို သိမ်းဆည်းထားသလို လျော်ကြေးပေးဆောင်ရန်လည်း ယခုအချိန်ထိ တစုံတရာ မသိရသေးကြောင်း ကျောက်ကြီးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးစောင့်ကြည့်ရေးအဖွဲ့ တာဝန်ခံဖြစ်သူ နော်တပီးသာ့က ပြောသည်။
နော်တပီးသာ့က “စီမံကိန်းလုပ်တဲ့ နေရာမှာ အသိမ်းခံရတဲ့ ဒေသခံ မြေဧကတွေဟာ လျော်ကြေးမရှိတဲ့အပြင် ပွင့်လင်းစွာ မလုပ် တဲ့အတွက် ဒေသခံဘက်က နစ်နာရတယ်။ ဒီကိစ္စကို ဒေသခံဘက်ကလည်း လွှတ်တော်ကို စာတင်ထားတယ်။ သမ္မတနဲ့ ကေအဲန်ယူဗဟိုကိုလည်း ဆက်လက် စာတင်ဖို့ရှိတယ်။ တကယ်လို့ တစုံတရာ ဖြေရှင်းမှုတွေ မလုပ်ပေးဘူးဆိုရင် ဒေသခံတွေ ကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ဆန္ဒထုတ်ဖော် ကန့်ကွက်သွားမှာပဲ”ဟု ကေအိုင်စီသို့ ပြောသည်။
ကျောက်ကြီးမြို့နယ်အတွင်း သတ္တုအစမ်းတူးဖော်ရန် ကေအဲန်ယူမှ ယမန်နှစ် ဧပြီလတွင် ကုမ္ပဏီကို ခွင့်ပြုချက်ပေးခဲ့ပြီးနောက် အစိုးရဘက်မှလည်း ဒီဇင်ဘာလတွင် အလားတူ သဘောတူ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ထိုသို့ အစမ်းတူးဖော်ခွင့်ရရှိရန် ကုမ္ပဏီဘက်ကလည်း ဒေသဖွံ့ဖြိုးရေးအတွက် လမ်းဖောက်လုပ်ပေးသွားမည်ဟု သဘောတူထားကြောင်း သိရသည်။
စလဲကျေးရွာမှ ဒေသခံတစ်ဦးက

Friday, June 26, 2015

VOA News

မီဒီယာကို စိတ်ဆိုးဒေါသဖြစ်သူ
==========================
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံ စစ်ထောက်လှမ်းရေးမှူးချုပ် ဦးခင်ညွန့်ဟာ သူ့ရဲ့အတိတ်လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး လိပ်ပြာမသန့် ဖြစ်နေဟန်ရှိတယ်လို့ မီဒီယာသမားတွေက သုံးသပ်နေကြပါတယ်။ မီဒီယာတွေ နောက်ကြောင်းပြန် မဝေဖန်နဲ့လို့ ပြောကြားလိုက်တာနဲ့ ဆက်စပ်ပြီး ဝါရင့်မီဒီယာသမားတွေက ပြောကြားလိုက်တာပါ။ ဝါရင့်သတင်းသမားကြီးလည်းဖြစ် စာရေးဆရာလည်းဖြစ်တဲ့ ဦးကျော်ရင်မြင့်၊ မြန်မာသတင်းသမဂ္ဂ တည်ထောင်သူ ဦးမောင်မောင်မြင့်တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် ဒီနေ့ ဆရာတို့နှစ်ယောက်ကို ဖိတ်ခေါ်ဆက်သွယ်ရတဲ့အကြောင်းကတော့ မြန်မာနိုင်ငံမှာ စစ်အစိုးရလက်ထက်က အရေးကြီးဆုံးတာဝန်ကို ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တယောက်က မီဒီယာသမားတွေက သူ့လက်ထက်မှာ ဆောင်ရွက်ချက်တွေနဲ့မေးတော့ မီဒီယာတွေကို ပြောချင်တယ် နောက်ကြောင်းပြန်ပြီး မမေးပါနဲ့၊ နောက်ကြောင်းပြန်ပြီး မဝေဖန်နဲ့လို့ ပြောသွားတာကို တွေ့လိုက်ရပါတယ်။
ဦးခင်ညွှန့် “ဝေဖန်ရေးသက်သက် မလုပ်နဲ့။ နောက်ကြောင်းပြန်တဲ့ဟာတော့ မလုပ်နဲ့။ နောက်ကြောင်းပြန်တဲ့ဟာသည် တိုင်းပြည်တိုးတက်ရေး မဟုတ်ဘူး။ နောက်ကြောင်းပြန်တာသည် တိုင်းပြည်တိုးတက်တာ မဟုတ်ဘူး။ ဝေဖန်နေတာ။

Thursday, June 18, 2015

DVB News

MPC လွှတ်တော် NNER နဲ့ ကျောင်းသား တွေသဘောတူလက်မှန်ထိုးထားတဲ့ အချက်တွေကို ဘေးဖယ်ပြီး အတည်ပြုလိုက် ကြတာပါ။ တိုင်းရင်းသားတွေ NCA ကိုလက်မှန်ထိုးပြီး နိုင်ငံရေးဆွေးနွေးပြီး သဘောတူ ညီချက်တွေကိုလဲ ဒီအတိုင်းပဲလုပ်ကြပါလိမ့်မယ်။ ဒီအစိုးရ နဲ့ ဒီလူ တွေကို ဘယ်လိုလုပ်ပြီး ယုံ ရ မှာ လဲ။

DVB News

တိုင်းရင်းသားများ တောင်းဆိုချက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဝေဖန်ပြစ်တင်

ဗိုလ်ချုပ်မှူးကြီးနှင့် ဆွစ်ဇာလန်သံအမတ် တွေ့ဆုံစဉ် (ဓာတ်ပုံ - Senior General Min Aung Hlaing ) ဗိုလ်ချုပ်မှူးကြီးနှင့် ဆွစ်ဇာလန်သံအမတ် တွေ့ဆုံစဉ် (ဓာတ်ပုံ - Senior General Min Aung Hlaing )
တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တချို့ရဲ့ တောင်းဆိုချက်တွေဟာ တို့တာဝန်အရေးသုံးပါးကို ထိခိုက်စေပြီး တိုင်းပြည် တည်ငြိမ် အေးချမ်းမှုကို ထိခိုက်စေတဲ့ လှုံ့ဆော်မှုတွေ တွေ့နေရတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဇွန်လ ၁၇ ရက်က နေပြည်တော်မှာ ကာကွယ်ရေးဦးစီးချုပ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး မစ္စတာ ခရစ္စတိုဖာဘာဂျီနာတို့ တွေ့ဆုံခိုက် ပြောကြားခဲ့တာပါ။
အဲ့ဒီတွေ့ဆုံပွဲမှာ ကာကွယ်ရေးဦးစီးချုပ်က “ဖက်ဒရယ်ကို အခြေခံသည့် ပါတီစုံ ဒီမိုကရေစီ စနစ်ကို လျှောက်လှမ်းရာတွင် တိုင်းပြည်တည်ငြိမ် အေးချမ်းရေးသည် အရေးကြီးကြောင်း၊ တိုင်းရင်းသား အဖွဲ့အစည်းများ အနေဖြင့် တိုင်းပြည်၏ ပကတိ အခြေအနေ အရပ်ရပ်ကို သိရှိဖို့ လိုကြောင်း၊ အချို့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တောင်းဆိုမှုများသည် အဓိပ္ပာယ်တမျိုး သက်ရောက်နေကြောင်း၊ ဒို့တာဝန် အရေးသုံးပါးကို ထိခိုက်စေမည့် အခြေအနေများ တွေ့ရှိရကြောင်း၊ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေသည့် လှုံ့ဆော်မှုများကိုလည်း တွေ့ရှိရကြောင်း။” စသဖြင့် ပြောဆိုခဲ့တာပါ။
ပြည်ထောင်စုအင်စတင်ကျုက ဦးခွန်ဆိုင်းကတော့ ဗိုလ်ချုပ်မှူးကြီးရဲ့ အခုလို ပြောဆိုမှုဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက အပစ်ရပ်စာချုပ်လက်မျတ်ထိုးဖို့ တမင်သက်သက်အချိန်ဆွဲနေတယ်လို့ မြင်ပြီး ပြောတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
“တပ်မတော်ဘက်က မြင်တာက ၁ နှစ်ခွဲကျော် အချိန်ယူပြီးတော့မှ ကြိုးစားပမ်းစားနဲ့ စာချုပ်မူကြမ်းကို လုပ်ခဲ့တယ်။ အခု ဆက်လုပ်နေတဲ့ဟာက တမင်သက်သက် အချိန်ဆွဲတယ်လို့ သူတို့ မြင်ပုံရတယ်။ အဲ့ဒီလို မြင်ပုံရတဲ့အတွက်ကြောင့် ဒီဝေဖန်သုံးသပ်မှုက အခုလိုမျိုးပေါ်လာတာပေါ့။”
ကာကွယ်ရေးဦးစီးချုပ်ဟာ ပြီးခဲ့တဲ့အပတ်ထဲ ဂျပန်သတင်းဌာနတခုနဲ့ တွေ့ဆုံခန်းမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တချို့ဟာ မတရားသဖြင့် ရရှိထားတဲ့ ကိုယ်ကျိုးစီးပွားတွေကို ကာကွယ်ဖို့ လုပ်ဆောင်နေကြတယ်လို့ စွပ်စွဲ ပြောကြားခဲ့ပါသေးတယ်။
ဒီပြောဆိုချက်နဲ့ ပတ်သက်လို့လည်း ဦးခွန်ဆိုင်းက အကျိုးစီးပွားဆိုတဲ့နေရာမှာ နှစ်ဘက်စလုံးက အနည်းစုမှာ ရှိနေတာဖြစ်လို့ တပ်မတော် ခေါင်းဆောင်တယောက်အနေနဲ့ မပြောသင့်ဘူးလို့ မှတ်ချက်ပေး ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လော်ခီးလာညီလာခံက အပစ်ရပ်စာချုပ်မူကြမ်းကို ပြင်ဆင်ဖြည့်စွက်လိုက်တဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်ခဲ့ပြီးတဲ့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် ဝေဖန်ပြစ်တင် ပြောဆိုချက်တွေ ဆက်တိုက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Tuesday, June 9, 2015

KIC News

နိုင်ငံရေးဆွေးနွေးပွဲတွင် အမျိုးသမီးများ ၃၀ ရာခိုင်နှုန်းပါဝင်ရေး တိုင်းရင်းသားထိပ်သီးခေါင်းဆောင်များ ဆုံးဖြတ်

IMG_0478
ဇွန်လ ၉ရက်၊ ၂၀၁၅ခုနှစ်။ ကေအိုင်စီ
တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များအစည်းအဝေး ပဉ္စမနေ့ (ဇွန်လ ၆ရက် နေ့)တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မူကြမ်း အခန်း (၅)၊ အပိုဒ်(၂၃)ပါ နိုင်ငံရေးဆွေးနွေးပွဲများတွင် သင့်တင့်လျောက်ပတ်သော အချိုးအစားဖြင့် အမျိုးသမီးကိုယ်စားလှယ်များ ပါဝင်နိုင်ရေးအတွက် ဆောင်ရွက်သွားရန် သဘောတူညီသည်ဟု ဖော်ပြထားချက်အစား အမျိုးသမီးများ ၃၀ ရာခိုင်နှုန်းပါဝင်ရန်ကို အစည်းအဝေးတက်ရောက်လာသူ ထိပ်သီးခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ကြသည်။
ဇွန်လ ၂ရက်နေ့မှ ၈ရက်နေ့အထိ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ဒေသတွင် ပြုလုပ်သည့် ၎င်းအစည်းအဝေးတွင် အဓိကထား ဆွေးနွေးလျှက်ရှိသည့် အဆိုပါစာချုပ်မူကြမ်းတွင် အမျိုးသမီး ကိုယ်စားလှယ် ၃၀ ရာခိုင်နှုန်း ပါဝင်သွားရန် လားဟူဒီမိုကရက်တစ်သမဂ္ဂ(LDU)မှ အမျိုးသမီးကိုယ်စားလှယ်၏ အဆိုပြုချက်ကို NCCT အဖွဲ့ဝင် စောမြရာဇာလင်းက ထောက်ခံဆွေးနွေးကာ ထိပ်သီးကိုယ်စားလှယ်များက သဘောတူဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
“ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ ပြည်သူလူထုပါဝင်ဖို့လိုတယ်။ အဲဒီပြည်သူလူထုထဲမှာမှ အမျိုးသမီးတွေ ပါဝင်ဖို့။ များများ ပါလေကောင်းလေပေါ့။ ဒီ ၃၀ရာခိုင်နှုန်းဆိုတာကို ကန့်ကွက်စရာ မရှိပါဘူး။ ၂၀၀၈ ခုနှစ်တုန်းက ဒီလော်ခီးလာမှာပဲ ဖက်ဒရယ် ပြည်ထောင်စု ဒုတိယမူကြမ်းကို အတည်ပြုခဲ့တယ်။ အဲဒီတုန်းက လည်း ဒီ ၃၀ရာခိုင်နှုန်းကို လက်ခံကြောင်း ပါခဲ့တာမို့ ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်များအနေနဲ့ ကန့်ကွက်စရာမရှိခဲ့ဘူး”ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။
ယင်းသို့ အမျိုးသမီးများပါဝင်ရေး ပြောဆိုရာတွင် စစ်မှန်သော၊ အမျိုးသမီးထုအား ကိုယ်စားပြုနိုင်သော အမျိုးသမီးကိုယ်စားလှယ်များ ဖြစ်သင့်ကြောင်းနှင့် မြန်မာအစိုးရဘက်အနေဖြင့် ၃၀ရာခိုင်နှုန်းကို လက်ခံနိုင်ဖို့ ရာမှာ အနည်းငယ် အချိန်ယူကာ ဆွေးနွေးသွားရမည့်သဘောရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
အလားတူ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)–WLB ကလည်း တိုက်တွန်းချက်လေးချက်နှင့် စိုးရိမ်ချက်များ ပါရှိသည့် အစည်းအဝေး လေးရက်တာ လေ့လာသုံးသပ်ချက်ကို ဇွန်လ ၆ရက်နေ့က ထုတ်ပြန်လိုက်သည်။
WLB ပေါ်လစီဆိုင်ရာ ဘုတ်အဖွဲ့ဝင် ယိင်းဟန်ဖက

Thursday, April 9, 2015

KIC News

ကားဓါးပြမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရသူ ကရင်ရွာသားများမှာ တရားခံအစစ်မဟုတ်ဟု ဒေသခံများပြောဆို

ဖမ်းဆီးခံရသည့် ရွာသားတစ်ဦး

ဖမ်းဆီးခံရသည့် ရွာသားတစ်ဦး

ဧပြီလ ၈ရက်၊ ၂၀၁၅ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၃ခုနှစ်က ရာဇာမင်းခရီးသည်တင်ကား ဓါးပြတိုက်မှုဖြင့် ဖမ်းဆီးခံရကာ ၂၀၁၅၊ ဇန်န၀ါရီလ ၁၆ ရက်နေ့က ပြစ်ဒဏ်ချမှတ်ခံရသူ ကရင်ရွာသား ၆ဦးမှာ တရားခံအစစ်များ မဟုတ်ကြောင်းနှင့် အမှုမှန် ဖော်ထုတ်ပေးရန် တာဝန် ရှိသူများအား တောင်းဆိုထားကြောင်း ဒေသခံများက ပြောသည်။
ယင်းအမှုကို သထုံခရိုင် တရားရုံးတွင် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး အပြစ်ပေးခံရသူ ရွာသားများဖြစ်ကြသည့် စောအောင်ထူး၊ စောဇော် ၀ိတ်၊ စောမောင်ငယ်၊ စောဝင်းဗိုလ်၊ စောဂေတို့အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၉၆ အရ သေဒဏ်ချမှတ်ခဲ့ပြီး စောလင်းအောင် တို့ကို ပုဒ်မ ၃၉၆/၁၁၉ အရ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့သည်။
သထုံမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စောထွန်းနိုင်ဦးက “ရာဇာမင်း ကားဓါးပြတိုက်မှုမှာ ကျနော် လေ့လာရသ လောက် ကျနော့်ရွာသားတွေ ဘယ်လိုမှမဖြစ်နိုင်ဘူး။ သူတို့က ဒီအနီးအနားမှာပဲ လုပ်ကိုင်စားသောက်နေကြတယ်။ ခရီးသွား တာတွေလည်း မရှိဘူး။ ပြီးတော့ ဒီရွာက အိမ်ခြေ ၇၀ကျော်ပဲရှိတယ်ဆိုတော့ အခုက မဟုတ်ဘူးဆိုတာ ကျနော်တို့သိတယ်။ ပထမဦးဆုံး အောင်ကျော်သန်းကို လာဖမ်းတယ်။ ကျနော်သွားတွေ့တော့ ပေးမတွေ့ဘူး။ မေးစရာတွေပြီးရင် ပြန်လွှတ်ပေးမယ် လို့ ရဲတွေက ပြောတယ်။ အောင်ကျော်သန်း ပြန်လွတ်လာပြီး ၁၀ရက်ကျော်လောက်မှာ နောက်ထပ်လူတွေကို ထပ်ဖမ်းပြန် တယ်။ အဖမ်းခံရသူတွေမှန်သမျှ ကျနော်က တွေ့ခွင့်တောင်းတယ်။ တစ်ယောက်မှ ပေးမတွေ့ဘူး။ ပြောရမယ်ဆိုရင်တော့ဗျာ။ သူတို့တွေက ရိုးသားတဲ့ တောသူတောင်သားတွေပါ။ ဒီဓါးပြတိုက်မှုမှာ ဒီလူတွေ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ ကျနော် ရဲရဲ အာမခံရဲပါတယ်”ဟု ဆိုသည်။
ပြစ်ဒဏ်ချမှတ်ခံရသူများမှာ ရာဇာမင်းကား ဓါးပြတိုက်သူများ မဟုတ်ကြောင်း၊ ၎င်းတို့အား သထုံရဲတပ်ဖွဲ့ဝင်များက ၂၀၁၃ခုနှစ်၊ ဇွန်လ ၂၁ရက်နေ့တွင် မသကာင်္မှုဖြင့် ဖမ်းဆီးခဲ့ပြီး ရိုက်နှက်၊ ညှင်းပမ်းနှိပ်စက်သည်ကို မခံနိုင်တော့သဖြင့် ညီဖြစ်သူ၏အမည်ကို ပြောမိခဲ့ခြင်းဖြစ်ကြောင်း၊ သထုံမြို့မရဲစခန်းတွင် ၆ရက်တိုင် ရဲများ၏ ဖမ်းဆီးရိုက်နှိက်၊ ညှင်းပမ်းနှိပ်စက်မှု အမျိုးမျိုးခံရပြီး ပြန် လည်လွတ်မြောက်လာသူ ညောင်ချောင်ရွာသား စောအောင်ကျော်သန်းက ပြောသည်။
“ရဲတွေက ကျနော် ပျိုးသွားနုတ်၊ ကောက်သွားစိုက်တဲ့နေရာမှာ လာဖမ်းတယ်။ စခန်းမှာ ကျနော့်ကို ခေါ်စစ်တယ်။ လက်နောက် ပြန်ခတ်တယ်။ အပေါ်မှာ ကြိုးဆွဲတင်တယ်။ ခြေဖနောက်မှာ သံချွန်နဲ့ ထောက်တယ်။ ကျောမှာ၊ ရင်ဘတ်မှာ ဒုတ်နဲ့ ရိုက်တယ်။ အခုထိ ကျနော် အလုပ်မလုပ်နိုင်သေးဘူး။ ကျနော် မသိရဘူးလို့ပြောလည်း မရဘူး။ မသိလို့ မရဘူး။ နင်သိရမယ်တဲ့ ရဲက ပြော တယ်။ ကျနော်က သိမှမသိတာ ဘယ်လိုပြောရမလဲ။ ညှင်းဆဲတော့ ကျနော် မခံနိုင်တော့ဘူး။ ကျနော့်ကို သတ်ရင်လည်း သတ် လိုက်တော့လို့ ပြောတယ်။ နောက်ဆုံး ရိုက်ထု ညှင်းဆဲတာတွေကို ကျနော် မခံနိုင်တော့လို့ ကျနော့်ညီ ပါတယ်လို့ပဲ ပြောလိုက်ရ တယ်”ဟု ၎င်းက ရှင်းပြသည်။
တရားခံဟုဆိုကာ ဖမ်းဆီးထားသူများမှာ နှိပ်စက်ခံကြရသည့်အပြင် ဖမ်းဆီးထားချိန် ကာလအတွင်း ၎င်းတို့၏မိသားစုမှာ စား သောက်ရေးအတွက်ပင် ခက်ခဲလာနေကြောင်း သေဒဏ်ချမှတ်ခံရသူ စောဇော်ဝိတ်၏ဇနီး နော်ဖွားလယ်က ကေအိုင်စီသို့ ယခု လို ပြောသည်။
“ဖမ်းထားတဲ့ တနှစ်ကျော်အတွင်းမှာ မိသားစုနဲ့ ကလေးတွေ အတော် အခက်အခဲတွေရှိတယ်။ ရုံးချိန်းမှာ သွားတွေ့နေရတော့ ကလေးတွေကိုလည်း ကောင်းကောင်းမွန်မွန် မထားနိုင်ဘူး။ အိမ်မှာလည်း တခါတလေ ကလေးတွေကို ထမင်းမကျွေးနိုင်ဘူး။ ကျမအနေနဲ့ ဘာမှမတတ်နိုင်တော့ဘူး။ အမှန်တရားအတွက် ကူညီပေးသူရှိရင်လည်း မျှော်လင့်တယ်။ အမှန်တရားကိုပဲ လိုချင် ပါတယ်”ဟု သူမက ပြောဆိုသည်။
ယင်းအမှုတွင် သက်သေခံပစ္စည်းကို ရဲများက မတင်ပြနိုင်သဖြင့် သထုံခရိုင် ဒုရဲအုပ်အောင်သူက မိုးကောင်းကျေးရွာအုပ်စုမှ ဦးခိုင်ထွန်းထံ သွားရောက် အကူအညီတောင်းခံရာ ဦးခိုင်ထွန်းက KNU တပ်မဟာ(၁)မှ သေနတ်တစ်လက်ကို ကျပ် ၈သိန်းဖြင့် သွားရောက်ဝယ်ယူခဲ့ပြီး တရားခံ၏ သက်သေခံပစ္စည်းအဖြစ် တရားရုံးသို့ တင်ပြခဲ့ကြောင်း ယင်းအမှုအား လိုက်လံကူညီဆောင် ရွက်ပေးနေသည့် သထုံမြို့နေ စောထွန်းဝင်းက ပြောသည်။
စောထွန်းဝင်းက “သက်သေကလည်း မရှိဘူး။ ရွှေတွေပါတယ်။ ဆွဲကြိုးပါတယ်။ နာရီပါတယ်။ ဖုန်းပါတယ်။ ငွေသားပါတယ်။ အဲဒါတွေကို ရုံးမှာတစ်ခုမှ မဖော်ထုတ်နိုင်တဲ့အခါကျတော့ ရဲတွေက မိုးကောင်းအုပ်ချုပ်ရေးမှူး ခိုင်ထွန်းဆီမှာ အကူအညီ သွား တောင်းပြီးတော့ ကျနော်တို့ [KNLA] တပ်မဟာ(၁) ဗျူဟာမှူးဆီမှာ သေနတ်တစ်လက် ၀ယ်လာပြီးတော့ ဒီအမှုနဲ့ချိတ်ပြီးတော့ ဒီလူခြောက်ယောက်ကို သေဒဏ်(၅)ယောက်၊ တစ်သက်တစ်ကျွန်း (၁)ယောက် အဲလိုအမိန့်ချခဲ့တယ်”ဟု ဆိုသည်။
အဆိုပါခရီးသည်တင်ကားကို ဓါးပြတိုက်သူများသည် မွန်ဘာသာစကား ပြောဆိုကြပြီး ဓါးပြတိုက်စဉ် မွန်စကားပြောတတ်သည့် အတွက် မိမိ၏ပစ္စည်းများကို ယူဆောင်ခဲ့ခြင်းမရှိဟု ကားပေါ်ပါလာခဲ့သူ သံဖြူဇရပ်မြို့နေ ခရီးသည်ဒေါ်ရင်အေးက သထုံခရိုင် တရားရုံး၌ ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၊ နိုဝင်ဘာ ၁၁ရက်နေ့တွင် ထွက်ဆိုထားသည်ကို တရားရုံးမှတ်တမ်းများအရ သိရသည်။
ယင်းအမှုသည် ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၊ ဇွန်လ ၈ရက်နေ့တွင် ကျိုက္ခမီ-ရန်ကုန်၊ ရာဇာမင်း ခရီးသည်တင် မှန်လုံကား အမှတ်-၈ဇ/ ၁၁၁၁ ကို အမည်မသိလူ ၅ဦးက ဓါးပြတိုက်ကာ လူသတ်ခဲ့သည့်အမှု ဖြစ်သည်။ ယင်းအမှုတွင် သေဒဏ်နှင့် တစ်သက်တစ် ကျွန်း ပြစ်ဒဏ်ချမှတ်ခံရသူများသည် တရားခံအစစ်များ မဟုတ်သည့်အတွက် ၎င်းတို့အား လွတ်ငြိမ်းချမ်းသာခွင့်ပေးရန်နှင့် တရားစီရင်ရာတွင် လွဲမှားမှုများစွာ ရှိနေသဖြင့် အမှုမှန် ပြန်လည် ဖော်ထုတ်ပေးရန် သမ္မတနှင့် နေပြည်တော်ရှိ ဌာနဆိုင်ရာ ၁၀ခုသို့ အသနားခံစာ ပေးပို့ထားသည်ဟု ဒေသခံများက ပြောဆိုသည်။

Monday, February 23, 2015

ငြိမ်းချမ်းရေး စစ်တမ်း (၁၂)

ငြိမ်းချမ်းရေး စစ်တမ်း (၁၂)။ ကိုးကန့် မြွေခြောက်ကိုက်ခံလိုက်ရခြင်း၊ မုံးကိုး စစ်ရာဇ၀တ်မှု နှင့် ဥပဒေစိုးမိုးရေး။

       မြန်မာဆိုရိုးစကား နှင့် ကိုးကားသုံးသပ်မည်ဆိုပါကကာချုပ်မင်းအောင်လှိုင် နှင့် စစ်အစိုးရ တဖွဲ့ လုံး မြွေခြောက်ကိုက်ခံလိုက်ရပြီ ဟု ဆိုနိုင်သည်။ မြွေသည် သေနေရုံသာမက ခြောက်ပင် ခြောက်သွေ့နေပြီဖြစ်သဖြင့် မည်သည့်အဆိပ်မျှ မရှိနိုင်တော့။ အန္တရာယ်ပြုနိင်ရန် ဝေလာဝေးဟု အ၇ာတခုအားအထင်သေးစွာ ပစ်ပယ်ထား  ခဲ့ရာမှ ယင်းက ပြန်လည်ပြီးအကြီးအကျယ်ပြသနာရှာလာသော အခါ မြွေခြောက်ကိုက်ခံရသည် ဟု တင်စား ပြောဆိုကြလေ့ရှိခြင်းပင်။ဖုန်ကျားရှင် ဦးဆောင်သည့် ကိုးကန့်ေ မြွေခြောက်က ပြန်ကိုက်လိုက်သောအခါကာချုပ် မင်းအောင်လှိုင်နှင့် စစ်အစိုးရ တဖွဲ့ လုံးတုန်လှုပ်ခြောက်ခြားသွားကြရသည်။ အဘယ်ကြောင့်နည်း။

            ဤပြသနာကို ကာချုပ်မင်းအောင်လှိုင် အရှက်ပြေပြောနေသလို“ရဲ တချို့ ကို သတ်ပြီးထွက်ပြေးသွားခဲ့တဲ့ရာဇ၀တ်သား တဦးက ဦးဆောင်ပြီး တိုင်းပြည်လုံခြုံရေးကို ထိပါးအောင်လုပ်နေတာ။”  ဟူ၍ အပေါ်ယံကြောကနေ

Thursday, February 19, 2015

လက်မှတ်ထိုးတာ ဆင်းရဲလို့ လား

လက်မှတ်ထိုးတာ ဆင်းရဲလို့ လား
======================
ဖိုးခွားရေ
အဖျား မြန်မြန်ကျတော့
အမိုးတို့  ကိုယ့်ကြမ္မာ ကိုယ်ဖန်းတီးရတော့မယ်။

မင်းတို့ အဖိုးတွေကတော့
လက်မှတ်ထိုးပြီး သူတို့ ကြမ္မာ သူ့ တို့ ဖန်တီးတယ်
အမိုးတို့ ကတော့
ဓားမ ကိုင်ပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးကြမယ်။
သူတို့ စစ်မတိုက်တော့ဘူး ဖိုးခွား
သူတို့ ချမ်းသာ သွားပြီ။
ဒါဆို… ရွာကို ပြန်မယ်ဟုတ်လား
ဘယ်ရွာကို ပြန်မှာလဲ ဖိုးခွား
အမိုးတို့ ရွာတွေဟာ
သူတို့ ပြောပြောနေတဲ့

Monday, February 16, 2015

ငြိမ်းချမ်းရေးစစ်တမ်း

ငြိမ်းချမ်းရေး စစ်တမ်း (၁၁)။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ နှင့် အမာစား ဥပဒေ ပေါ်နိုင်သည့် အလားအလာ။

 ငြိမ်းချမ်းရေးနှင့် ဆက်စပ်ပြီး တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို ဦးတည်သည့် ဆွေးနွေးပွဲများအား နှစ်တချို့ ကြာမျှ ကျင်းပလာခဲ့ပြီးနောက်မည်သည့်အဖြေမျှထွက်မလာ သောအခါ လူထုအများစုကြီးအနေဖြင့် အားမလို အားမရဖြစ်လာကြသည်။ ငြိမ်းချမ်းရေး၊တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး နှင့် နိုင်ငံရေးဆွေးနွေးပွဲ ဟူသည့် ဝေါဟာရ သုံးခုအားထပ်ခါ ထပ်ခါ ကြားလာရပြီးနောက် ရောယှက်လုံးထွေးသွားသောအခါ မည်သည်ကို မည်သို့ နားလည်ရမည်မှန်းမသိတော့။ မည်သည်က အရင်လာ၊ မည်သည်က နောက်လာ သင့်သည်ကို ခွဲခြားရန် ခက်ခဲသွားတော့သည်။အမှားကြာ အမှန်ထင်သလို ဖြစ်လာပြီး တနိုင်ငံလုံး အပစ်ရပ်စာချုပ် ချုပ်ဆို နိုင်ရုံမျှနှင့်ငြိမ်းချမ်းရေးကို မုချဦးတည် တော့မည်ကဲ့သို့  ထင်မှတ်လာကြသည်။

           အထက်ပါ ဝေါဟာရ သုံးလုံးအနက် နိုင်ငံရေးဆွေးနွေးပွဲဟူသည်မှ စတင်ရှင်းပါမည်။

            ပြည်တွင်းငြိမ်းချမ်းရေးရရန် နိုင်ငံရေးပြသနာများအားနိုင်ငံရေးအရ ဆွေးနွေးအဖြေရှာသွားမည် ဟူသည့် ရပ်တည်ချက်မှာ တရားအရ မှန်ကန်ကြောင်းယုံမှားစရာမလိုပါ။ယင်းကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်း အမြောက်အများက ဆယ်စု နှစ်များစွာ ကိုင်စွဲလာခဲ့ကြသည်။သို့ ရာတွင် ယခုအုပ်ချုပ်နေသည့် အရပ်သား အသွင်ယူ စစ်အစိုးရက နိုင်ငံရေးဆွေး နွေးပွဲများကျင်းပပေးနိုင်ရေးအတွက်

Sunday, February 15, 2015

KIC Interview

တွေ့ဆုံမေးမြန်းခန်း

Major Saw Hla Ngwe

ပြည်ထောင်စုနေ့တွင် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက် လက်မှတ်ထိုးမှုအပေါ်
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(ကေအဲန်အယ်လ်အေ) စစ်ဦးစီးမှူး ပထမတန်း(G-1) ဒုဗိုလ်မှူးကြီးစောလှငွေနှင့် တွေ့ဆုံမေးမြန်းခြင်း

ယခုနှစ်၊ ဖေဖော်ဝါရီ ၁၂ရက်နေ့က အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၄)ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(ဒီကေဘီအေ)၊ KNU/KNLA-PC နဲ့ ရှမ်း(သျှမ်း)ပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS) တို့က ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်ကို နေပြည်တော်မှာ လက်မှတ်ထိုးခဲ့ပါတယ်။
အဆိုပါကိစ္စအပေါ် ကေအဲန်ယူ၏ လက်ရှိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ)မှာ စစ်ဦးစီးမှူး ပထမတန်း(G-1)အဖြစ် တာဝန်ယူနေတဲ့ ဒုဗိုလ်မှူးကြီး စောလှငွေရဲ့ သုံးသပ်ထင်မြင်ချက်ကို ကေအိုင်စီက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး ။ ။ ဖေဖော်ဝါရီ ၁၂ရက်နေ့က